ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးအကယ်ဒမီကွင်းရှိ ယာယီဆေးရုံအတွက် မကွေးတိုင်းဒေသကြီး မှ သူနာပြု ၁၉ ဦး စေလွှတ်
ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးအကယ်ဒမီကွင်းအတွင်း တည်ဆောက်နေတဲ့ ယာယီဆေးရုံအတွက် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သူနာပြု ၁၉ ဦးကို စက်တင်ဘာ ၁၄ ရက် နံနက်က စေလွှတ်ခဲ့တယ်လို့ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသောင်းလှိုင်ဆီမှ သိရပါတယ်။