Covid ကာလ အကုန်လုံးအခက်အခဲဖြစ်နေကြတဲ့အချိန်မှာ သက်ကြီးလူရွှင်တော်ကန်တော့ပွဲဖြစ်မြောက်တာက ပရိသတ်တွေရဲ့ကျေးဇူးကြောင့်ပါလို့ဆိုလာတဲ့ လူရွှင်တော် ကံပွင့် 

Covid ကာလ အကုန်လုံးအခက်အခဲဖြစ်နေကြတဲ့အချိန်မှာ သက်ကြီးလူရွှင်တော်ကန်တော့ပွဲဖြစ်မြောက်တာက ပရိသတ်တွေရဲ့ကျေးဇူးကြောင့်ပါလို့ဆိုလာတဲ့ လူရွှင်တော် ကံပွင့် 
Published 10 September 2020

မြန်မာနိုင်ငံလူရွှင်တော်အသင်း(ရန်ကုန်) ရဲ့ ဥက္ကဌဖြစ်သူ ဒိန်းဒေါင်နဲ့လူရွှင်တော်များစုပေါင်းပြီးတော့ စက်တင်ဘာလ ၉ ရက်နေ့မှာပြုလုပ်နေကြဖြစ်တဲ့ သက်ကြီးလူရွှင်တော်ကန်တော့ပွဲကို ယခုနှစ်မှာလည်းဖြစ်မြောက်နိုင်ဖို့ ဝိုင်းဝန်းကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီနှစ်မှာတော့ သက်ကြီးလူရွှင်တော်တစ်ယောက်စီကို ငွေသား သုံးသိန်း သုံးသောင်းကျပ်နဲ့အခြားသောပစ္စည်းလှူဒါန်းနိုင်ခွင့် ရခဲ့တာက အခုအချိန်ထိ ဟာသလူရွှင်တော်တွေကို ပရိသတ်တွေကချစ်ပြီး စေတနာနဲ့လှူကြတာကြောင့် ကျေးဇူးအများကြီးတင်ရတဲ့ အကြောင်းကို အခုလိုပဲပြောပါတယ်။