အတည်ပြုလူနာကိုးဦးတွေ့ခဲ့သည့် သက္ကလမြို့တိုက်နယ်ဆေးရုံတာဝန်ခံဆရာဝန်မိသားစုဝင်၃ဦး၊ လူနာစောင့်များအပါအဝင် ပိုးတွေ့ လူနာ ၉ ဦးထပ်တွေ့
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ၈ရက်နံနက်၈နာရီထုတ်ပြန်ချက်အရ လက်ရှိမှာ COVID – 19 အတည်ပြုလူနာ ကိုးဦးအထိ တွေ့ရှိထားတဲ့ ကဝမြို့နယ်၊သက္ကလမြို့တိုက်နယ်ဆေးရုံကတာဝန်ခံဆရာဝန်ရဲ့ မိသားစုဝင်၃ဦးနဲ့ ဆေးရုံလူနာစောင့်တွေအပါအဝင် COVID - 19 Positive လူနာ ၉ ဦးထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။