ပဲခူး၊ သက္ကလမြို့တိုက်နယ်ဆေးရုံမှ ဆရာဝန်နှင့်လူနာများ၊ ဆေးရုံဝန်ထမ်းအပါအဝင် COVID လူနာ ၉ ဦးတွေ့ရှိ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၅ရက် နံနက် ၈ နာရီနဲ့ စက်တင်ဘာလ ၇ ရက် နံနက် ၈ နာရီထုတ်ပြန်ချက်တွေအရ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ သက္ကလမြို့တိုက်နယ်ဆေးရုံက တာဝန်ခံဆရာဝန်၊ ဆေးရုံကို ဆေးကုသဖို့လာတဲ့ လူနာတွေနဲ့ ဆေးရုံသန့်ရှင်းရေးဝန်ထမ်းအပါအဝင် ကိုးဦးမှာ COVID – 19ရောဂါပိုးတွေ့ရှိခဲ့တယ်လို့သိရပါတယ်။
{zawgyi}