ရန်ကုန်မြို့တော်ဝန်ကိစ္စကို ပါတီသို့မတိုင်ထားဘဲ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ သီးခြားတိုင်ခြင်း၊ စစ်ဆေးခြင်းများ ကိုတော့ မသိဟု NLD ပါတီပြောခွင့်ရှိသူ ပြော
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးရဲ့ သတင်းနှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ကို ဒီကနေ့ စက်တင်ဘာ ၇ ရက် ညနေပိုင်းက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေသလို တိုင်ကြားစာမှာ NLD ပါတီသို့ ရောက်ရှိခြင်း မရှိဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ZawGyi