ဗိုလ်မှူးအယောင်ဆောင်ကာ ခြောက်လုံးပြူးသေနတ်ဖြင့်ခြိမ်းခြောက်သူအား စစ်ဆေးရာမှ လက်ပစ်ဗုံး၊ သေနတ်ကျည်ဆန်၊ စစ်ဝတ်စုံများ ဖမ်းဆီးရမိ
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ၊ ပြည်မြို့မှာ ဗိုလ်မှူးအယောင်ဆောင်ကာ ခြောက်လုံးပြူးသေနတ်နဲ့ ခြိမ်းခြောက် သူကို ဖမ်းဆီးစစ်ဆေးရာကနေ လက်ပစ်ဗုံးတွေ၊ သေနတ်ကျည်ဆန်အမျိုးစားရောရာတွေနဲ့ ဆက်သွယ်ရေးပစ္စည်း၊ စစ်ဝတ်စုံတွေ ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။