တစ်ယောက်ထဲရုန်းကန်ခဲ့ရတာချင်းလည်းတူ၊ လူမျိုးချင်းလည်းတူတော့ ညီအစ်ကိုလိုခံစားချက်မျိုးဖြစ်သွားကြတဲ့ နေထက်လင်းနဲ့မင်းသာကီ  

တစ်ယောက်ထဲရုန်းကန်ခဲ့ရတာချင်းလည်းတူ၊ လူမျိုးချင်းလည်းတူတော့ ညီအစ်ကိုလိုခံစားချက်မျိုးဖြစ်သွားကြတဲ့ နေထက်လင်းနဲ့မင်းသာကီ  
Published 4 September 2020

ရခိုင်လူမျိုးအနုပညာရှင်တွေဖြစ်ကြတဲ့ သရုပ်ဆောင် နေထက်လင်းနဲ့မင်းသာကီကတော့ နှစ်ယောက်စလုံးရဲ့ဘဝက အနုပညာ လောကထဲဝင်လာဖို့အတွက် တစ်ယောက်ထဲခက်ခက်ခဲခဲရုန်းကန်ခဲ့ကြရပြီး အခုလိုတွေ့ဆုံဖြစ်ကြတော့လည်း မင်းသာကီ ကိုတွေ့လိုက်ရတာ ညီလေးအသစ် တစ်ယောက်ကောက်ရလိုက်သလိုပဲဖြစ်တာကြောင့် မြေတောင်မြှောက်ပေးဖို့စိတ်ကူးတွေအများကြီး ရှိတယ်လို့ နေထက်လင်းကဆိုပါတယ်။ မင်းသာကီအတွက်ကတော့ ကိုနေထက်လင်းက ဆရာတစ်ယောက်ထက်ပိုတဲ့လူဖြစ်တဲ့ အကြောင်းကို အခုလိုပဲပြောပါတယ်။