အာမခံရုတ်သိမ်းခံရမှုကြောင့်ထိုင်းလူ့အခွင့်အရေးရှေ့နေနှင့် နောက်ထပ်တက်ကြွလှုပ်ရှားသူတစ်ဦးအကျဉ်း ကျခံရမည်
ထိုင်းနိုင်ငံမှာမကြာသေးခင်ကပြုလုပ်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီးစွဲချက်တင်ခံထားရတဲ့ အထင်ကရတက်ကြွလှုပ်ရှားသူနှစ်ဦးရဲ့ အာမခံကို ရုံးတော်ကပြန်ရုတ်သိမ်းခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးဟာအကျဉ်းကျခံရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။