ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရာ၌ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ ဆုံးဖြတ်ချက်သည် ဥပဒေအရမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအာဃာတဖြင့် ဆောင်ရွက်ခြင်းဟုရှုမြင်ကြောင်း NLD ပါတီကြေညာချက်ထုတ်
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်ရှိုအား စွပ်စွဲပြစ်တင်ရာမှာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေနဲ့ အညီ လျော်ကန်သင့်မြတ်စွာ ဆောင်ရွက်ခြင်းမပြုဘဲ ပုဂ္ဂိုလ်ရေးအာဃာတဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ ရှုမြင်သုံးသပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ စက်တင်ဘာလ ၃ရက်နေ့ ညပိုင်းမှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။