မင်္ဂလာတောင်ညွှန့်မြို့နယ် NLD ပါတီအတွင်း ပွတ်တိုက်မှုများ၊ မမှန်မကန်တိုင်ကြားမှုများကြောင့် နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးလှဌေး ရှင်းလင်း
မင်္ဂလာတောင်ညွှန့်မြို့နယ် NLD ပါတီအတွင်း ပွတ်တိုက်မှုများ၊ မမှန်မကန်တိုင်ကြားမှုများကြောင့် ပါတီမှနုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး မိမိအားယုံကြည်တဲ့ ပြည်သူတွေရဲ့ ဆန္ဒဖြည့်ဆည်းဖို့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်တာဖြစ်တယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးလှဌေးက မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ထီးတန်းဓမ္မရုံမှာ စက်တင်ဘာလ ၁ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ် ပြောကြားခဲ့ပါတယ်။