House of Orchid ပိုင်ရှင် ဦးဌေးအောင်ကို ပထမအကြိမ်ရုံးထုတ်ခဲ့ပြီး အာမခံလျှောက်ထားမည်မဟုတ်ဘဲ တရားရင်ဆိုင်သွားမည်

House of Orchid ပိုင်ရှင် ဦးဌေးအောင်ကို ပထမအကြိမ်ရုံးထုတ်ခဲ့ပြီး အာမခံလျှောက်ထားမည်မဟုတ်ဘဲ တရားရင်ဆိုင်သွားမည်
Published 1 September 2020

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)နဲ့ဖမ်းဆီးခံထားရတဲ့ House of Orchid ပိုင်ရှင် ဦးဌေးအောင်ကို စက်တင်ဘာလ ၁ ရက်က အရှေ့ပိုင်းခရိုင်တရားရုံးမှာ ပထမဆုံးအကြိမ်ရုံးထုတ်ခဲ့ပြီး အာမခံလျှောက်ထားမှာ မဟုတ်ဘဲ တရားရင်ဆိုင်သွားမယ်လို့ ၎င်းက တရားခွင်အတွင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။