မိုးသည်းစွာရွာသွန်းမှုကြောင့် ရွှေဘို - မြစ်ကြီးနားသွားကားလမ်း ပျက်စီးခဲ့

မိုးသည်းစွာရွာသွန်းမှုကြောင့် ရွှေဘို - မြစ်ကြီးနားသွားကားလမ်း ပျက်စီးခဲ့
Published 1 September 2020

သြဂုတ်လ ၃၁ ရက်နေ့က စစ်ကိုင်းတိုင်းဒသကြီး၊ ရွှေဘိုခရိုင်မှာ မိုးသည်းစွာရွာသွန်းမှုကြောင့် ရွှေဘို - မြစ်ကြီးနား သွား ကားလမ်း ရေတိုက်စားပြီးပျက်စီးခဲ့တာကြောင့် သွားလာရေးယာယီပြတ်တောက်ခဲ့တယ်လို့ ခင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး မှူး ဦးချိုလင်းအောင်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

■Zawgyi ဖြင့်ဖတ်ရန်
