ချမ်းမြသာစည်က Covid အတည်ပြုလူနာ၏အိမ်ကိုပိုးသတ်ဆေးဖြန်းပြီး မိသားစုဝင်သွားရောက်ခဲ့သော ဈေးဆိုင်များအား ယာယီ ပိတ်ပြီး နေအိမ်Quarantine ပြုလုပ်

ချမ်းမြသာစည်က Covid အတည်ပြုလူနာ၏အိမ်ကိုပိုးသတ်ဆေးဖြန်းပြီး မိသားစုဝင်သွားရောက်ခဲ့သော ဈေးဆိုင်များအား ယာယီ ပိတ်ပြီး နေအိမ်Quarantine ပြုလုပ်
Published 31 August 2020

ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဩဂုတ်လ၂၉ရက်ညပိုင်းထုတ်ပြန်ချက်မှာပါဝင်ခဲ့တဲ့ မန္တလေး၊ ချမ်းမြသာစည် မြို့နယ်၊ ထွန်တုံးရပ်ကွက်မှာနေထိုင်တဲ့ Covid-19 အတည်ပြုလူနာရဲ့ နေအိမ်ကို ပိုးသတ်ဆေးဖြန်းပြီး ဝင်ရောက်မှုကန့်သတ် ထားကာ အဆိုလူနာမိသားစုဝင်သွားရောက်ခဲ့တဲ့ ဈေးဆိုင်တွေကိုလည်း ယာယီပိတ်ခိုင်းထားပြီး နေအိမ် Quarantine ပြုလုပ် ထားတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံက သိရပါတယ်။