ရခိုင်ပြည်နယ်အတွင်း ရိက္ခာမပြတ်စေရန် ရိက္ခာများကို ရတဲ့နည်းနဲ့ ဖြစ်အောင်ပို့ပေးသွားမည်ဟု အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောကြား 

ရခိုင်ပြည်နယ်အတွင်း ရိက္ခာမပြတ်စေရန် ရိက္ခာများကို ရတဲ့နည်းနဲ့ ဖြစ်အောင်ပို့ပေးသွားမည်ဟု အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောကြား 
Published 29 August 2020

ရခိုင်ပြည်နယ်အတွင်းမှ ပြင်ပ ကို ထွက်ခွာဖို့ ကန့်သတ်ထားတဲ့အတွက် ရိက္ခာပြတ်လပ်မှာကို စိုးရိမ်နေမှု များအပေါ် ရိက္ခာကိစ္စအတွက် ပြည်ထောင်စု ကိုယ်စား ရဲရဲကြီး ပြောနိုင်ပြီး ရိက္ခာမပြတ်စေရပဲ ရတဲ့နည်းနဲ့ ဖြစ်အောင်ပို့ပေးမှာဖြစ်တယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။