ရန်ကုန်တိုင်းအတွင်း Quarantine အမျိုးအစား ၇ မျိုးရှိပြီး ကွန်ပျူတာတက္ကသိုလ်နှင့် တောင်ဒဂုံရှိ ရိုးမရိပ်သာတို့တွင် Quarantine နေရာများ တိုးချဲ့ထားရှိမည်
ရန်ကုန်တိုင်းအတွင်း Quarantine အမျိုးအစား ၇ မျိုးရှိပြီး Quarantine ထားရှိဖို့ နေရာမလောက်တာကြောင့် ရွှေပြည်သာမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်နဲ့ တောင်ဒဂုံမြို့နယ်ရှိ ရိုးမရိပ်သာတို့မှာ Quarantine နေရာများ တိုးချဲ့ဖို့ ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားပါတယ်။