Eleven Media Group ဝန်ထမ်းမိသားစုမှ ဝါတွင်းကာလ တတိယအပတ် ဝါဆိုသင်္ကန်းနှင့်နေ့ဆွမ်းအလှူတော်ကိုစိန်ရတနာဓမ္မာစရိယစာသင်တိုက်တွင် ဆက်ကပ်လှူဒါန်း
Eleven Media Group ဝန်ထမ်းမိသားစုက ဝါတွင်းကာလမှာ နှစ်စဉ်ပြုလုပ်နေကြဖြစ်တဲ့ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနဲ့ စာချစာသင်အလုပ်ခွင်မှာပျော်မွေ့တော်မူကြတဲ့ သံဃာတော်တွေအတွက် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကိုရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိစိန်ရတနာဓမ္မာစရိယစာသင်တိုက်မှာသြဂုတ်လ (၂၆)ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။