မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးအတွင်း ကိုယ်စားလှယ်များမေးခွန်းမေးရာတွင် လိုရင်းပေါ်အောင် မေးစေချင်ဟု ဝန်ကြီးပြော
မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးအတွင်း ကိုယ်စားလှယ်တွေမေးခွန်းမေးမြန်းရာမှာ မေးခွန်းရဲ့လိုရင်းပေါ်အောင် ပြတ်ပြတ်သားသားမေးစေချင်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောပါတယ်။