"ပြည်သူ့ရှေ့ဆောင်ပါတီ-PPP ၏ ပါတီအတွင်းခေါင်းဆောင်မှု၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခံရမှုနှင့် မြန်မာ့စီးပွားရေးအခြေအနေသုံးသပ်ချက်"

"ပြည်သူ့ရှေ့ဆောင်ပါတီ-PPP ၏ ပါတီအတွင်းခေါင်းဆောင်မှု၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခံရမှုနှင့် မြန်မာ့စီးပွားရေးအခြေအနေသုံးသပ်ချက်"
Published 22 August 2020

■ လက်ရှိအာဏာရပါတီသာ ပြောတဲ့အတိုင်းလုပ်ခဲ့တယ်၊ ပြည်သူလူထုအကုန်လုံးကလည်း သောင်ပြိုကမ်းပြို လက်ခံသေးတယ်ဆိုရင် ၂၀၂၀မှာ နိုင်ငံရေး ပါတီအသစ်တွေ ပေါ်လာစရာအကြောင်းမရှိဘူး။ ဒီ (၅)နှစ်တာကာလကို ပြန်ကြည့်ရင် တိုင်းပြည်ရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးဆောင်မှုပျောက်ခဲ့တယ်။

(ဒေါက်တာသက်သက်ခိုင် - ဥက္ကဋ္ဌ၊ PPP ပါတီ)

■ လူထုဘဝအဓိကဆိုတာ ကျွန်တော်တို့ရဲ့ မဟာဗျူဟာမျှော်မှန်းချက်ပါပဲ။ အဆိုပါမဟာဗျူဟာမျှော်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက်နည်းဗျူဟာက တစ်သင်းလုံးကန်မည် PPP၊ တစ်သင်းလုံးကန်ဖို့အတွက်လက် ရွေးစင်ရွေးမှာက ပြည်သူကရွေးမှာ၊ ပြည်သူက တစ်သင်းလုံးကန်နိုင်ဖို့အတွက် ကျွန်တော်တို့ကိုရွေးပေးရမှာ၊ မဏ္ဍိုင် ၃ရပ်မှာ ကျွန်တော်တို့က တစ်သင်းလုံးကန်နိုင်အောင် မူဝါဒချမှတ်ထားတာ။ တစ်သင်းလုံးကန်မည်ဆိုကတည်းက တစ်ယောက်တည်းပတ်မကန်ဘူးပေါ့ဗျာ။

(ဦးကျော်ဇေယျ -ဒုတိယဥက္ကဋ္ဌ၊ PPPပါတီ)