မျိုးဗီဇပြောင်းလဲနေသည့်အမျိုးအစားဖြစ်နိုင်သောကြောင့် ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇအား စစ်ဆေးဖော်ထုတ်မည်
စစ်တွေမြို့နယ်မှာ ဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်ပိုးဟာ မျိုးဗီဇပြောင်းလဲနေတဲ့အမျိုးအစားဖြစ်နိုင်တဲ့အတွက် ဗိုင်းရပ်စ်ပိုးရဲ့ မျိုးဗီဇကို ဆေးသုတေသနဦးစီးဌာနမှာ စစ်ဆေးဖော်ထုတ်သွားမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားပါတယ်။