အနုပညာမျိုးဆက်သစ် ၆ယောက်ပေါင်းပြီး ခရီးသွား Program တစ်ခုရိုက်ကူးဖို့ရှိတဲ့အကြောင်းပြောလာတဲ့ သင်ဇာ

အနုပညာမျိုးဆက်သစ် ၆ယောက်ပေါင်းပြီး ခရီးသွား Program တစ်ခုရိုက်ကူးဖို့ရှိတဲ့အကြောင်းပြောလာတဲ့ သင်ဇာ
Published 21 August 2020

 သရုပ်ဆောင် သင်ဇာအပါအဝင် ယွန်းယွန်း၊ သဇင်ထူးမြင့်၊ မှုံနံ့သာကျော်ရဲအောင်၊ လေပြေသွေး၊ ပျိုပျိုမေ တို့သူငယ်ချင်းတွေစုပေါင်းပြီး ပြည်တွင်းခရီးသွား Program တစ်ခုရိုက်ကူးဖို့ ရှိနေတဲ့အကြောင်းကို အခုလိုပဲပြောပါတယ်။ အရင်ကတော့ ဒီသူငယ်ချင်းတွေက ရှိုးတွေမှာပဲစုံဖြစ်နေကြပေမယ့် အခုတော့ ခရီးအတူတူသွားပြီး ပရိသတ်အတွက် ဖျော်ဖြေမှုရသတွေပေးဖို့ စီစဉ်ထားတယ်လို့ သင်ဇာက အဆိုပါတယ်။