COVID - 19 ဗိုင်းရပ်စ်အမျိုးအစားမှာ အသွင်ပြောင်းခဲ့ပြီး ပြင်းထန်ကိုဗစ်လူနာများကိုကုရန် သွေးရည်ကြည်ထုတ်သည့် စက်အမျိုးအစားအသစ်ဖြင့် ကုပေးရန်စီစဉ်ထား

COVID - 19 ဗိုင်းရပ်စ်အမျိုးအစားမှာ အသွင်ပြောင်းခဲ့ပြီး ပြင်းထန်ကိုဗစ်လူနာများကိုကုရန် သွေးရည်ကြည်ထုတ်သည့် စက်အမျိုးအစားအသစ်ဖြင့် ကုပေးရန်စီစဉ်ထား
Published 21 August 2020

 

COVID - 19 ရောဂါရဲ့ ဗိုင်းရပ်စ်မှာ D614 အမျိုးအစားမှ G614 အမျိုးအစားသို့ ပြောင်းလဲခဲ့ပြီဖြစ်ပြီး ပြင်းထန်ကိုဗစ် လူနာများကိုကုသဖို့ Apharesis Machine ( အဖာရက်ဆစ် မက်ရှင်း) လို့ခေါ်တဲ့ သွေးရည်ကြည်ထုတ် တဲ့စက်အသစ်နဲ့ ကုသ ပေးဖို့ စီစဉ်ထားတယ်လို့ သွေးရည်ကြည်နှင့် COVID - 19 လူနာများကုသ Ad.hoc အကြံပေးအဖွဲ့ ဥက္ကဌ ပါမောက္ခ ဒေါက်တာ ရဲမြ(Dr.Rai Mra) ကပြောပါတယ်။