အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းနှင့် မလှမ်းမကမ်းတွင် အင်အားပြင်း ငလျင်ကြီးနှစ်ခု လှုပ်ခတ်သွားခဲ့
သြဂုတ်လ ၁၉ ရက်နေ့ အစောပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းနဲ့ မလှမ်းမကမ်းမှာ အင်အားပြင်း ဇောက်တိမ်ငလျင်ကြီးနှစ်ခု လှုပ်ခတ်သွားခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနက ထုတ်ပြန်ခဲ့ပြီး ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ရခြင်းတော့ မရှိဘူးလို့ သိရပါတယ်။