၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် NCA မထိုးရသေးသည့် အဖွဲ့များ ပါဝင်လာနိုင်ရေး အလေးထားဆောင်ရွက်ရန် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ပြောကြား
၂၀၂၀ အလွန်ကာလ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်မှာ NCA လက်မှတ် မထိုးရသေးတဲ့ ညီနောင်တိုင်ရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ပါဝင်နိုင်ရေးအတွက် အားလုံးပါဝင်ရေးမူနဲ့ အလေးထားစီစဉ်ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ RCSS ဥက္ကဋ္ဌ ငြိမ်းချမ်းရးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားခဲ့ပါတယ်။