သပိတ်ကျင်းတွင် ရွှေကြောတွေ့သည်ဆိုကာ ဒေသခံများ တူးဖော်နေမှုအား လမ်းပိတ်ဆို့ခြင်း မရှိစေရန်နဲ့ အန္တရာယ်မရှိစေရန် ဒေသအာဏာပိုင်များ ထိန်းသိမ်းဆောင်ရွက်နေ

သပိတ်ကျင်းတွင် ရွှေကြောတွေ့သည်ဆိုကာ ဒေသခံများ တူးဖော်နေမှုအား လမ်းပိတ်ဆို့ခြင်း မရှိစေရန်နဲ့ အန္တရာယ်မရှိစေရန် ဒေသအာဏာပိုင်များ ထိန်းသိမ်းဆောင်ရွက်နေ
Published 17 August 2020

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာ သုံးထပ်ကွေ့အနီးမှာ ကားလမ်းတိုးချဲ့ရန် စက်ယန္တရားများဖြင့် တူးဖော်ရာမှ ရွှေကြောတွေ့တယ်ဟုဆိုကာ ဒေသခံ ရာနှင့်ချီ လာရောက်ပြီး တူးဖော်မှုများပြုလုပ်လျက်ရှိတဲ့အတွက် လမ်းပိတ်ဆို့ခြင်းနဲ့ အန္တရာယ် ဖြစ်ပွားမှု မရှိစေဖို့ ဒေသအာဏာပိုင်အဖွဲ့အသီးသီးက ထိန်းသိမ်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။