တစ်ပတ်အတွင်း ပြည်တွင်း အခေါက်ရွှေဈေး တစ်ကျပ်သား ကျပ် ၄၀,၀၀၀ နီးပါး ပြန်ကျခဲ့ပြီး ကျပ် ၁,၃၁၀,၀၀၀ သို့ ရောက်ရှိ
ကမ္ဘာ့ရွှေဈေး ဆက်တိုက် မြင့်တက်နေတာကြောင့် ပြည်တွင်းရွှေဈေး လိုက်ပါမြင့်တက်လာပြီး သြဂုတ် ၇ ရက် က တစ်ကျပ်သား ကျပ် ၁,၃၄၀,၀၀၀ နီးပါးအထိ သမိုင်းတစ်လျှောက် ဈေးအမြင့်ဆုံးဖြစ်ခဲ့တဲ့ ပြည်တွင်းရွှေဈေးမှာ တစ်ပတ်အတွင်း တစ်ကျပ်သား ကျပ် ၄၀,၀၀၀ နီးပါး ပြန်လည် ကျဆင်းခဲ့ပြီး သြဂုတ်လ ၁၆ ရက်မှာ ကျပ် ၁,၃၁၀,၀၀၀ ဝန်းကျင်နဲ့ အရောင်းအဝယ် ပြုလုပ်တယ်လို့ ရွှေဈေးကွက်ရဲ့ ဈေးနှုန်းတွေအရ သိရပါတယ်။