ဒေါ်အောင်ဆန်းစုကြည်အား ကန့်ကွက်လွာတင်သွင်းမှုကိစ္စ ပယ်ချ ခံရ

ဒေါ်အောင်ဆန်းစုကြည်အား ကန့်ကွက်လွာတင်သွင်းမှုကိစ္စ ပယ်ချ ခံရ
Published 16 August 2020

ဒေါ်အောင်ဆန်းစုကြည်အား ကန့်ကွက်လွာတင်သွင်းမှုကိစ္စ ခရိုင်ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့သော်လည်း တိုင်းရွေးကောက်ပွဲကော်မရှင် အဖွဲ့သို့ ဆက်လက်တင်ပြသွားမည်ဟုဆို

ကော့မှူးမြို့နယ်မှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း ကန့်ကွက်လွှာတင်သွင်းထားမှုနဲ့ပါတ်သက်ပြီး အချက်အလက်မခိုင် လုံဟုဆိုကာ ခရိုင်ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့တာကြောင့် တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံကို ဆက်လက်တင်ပြသွားမှာဖြစ်တယ်လို့ ကန့်ကွက်လွှာတင်သွင်းသူ ဦးဌေးအောင်က ပြောပါတယ်။

■ (Zawgyi ဖြင့် ဖတ်ရန်)

