(၂၁) ရာစု ပင်လုံစတုတ္ထအစည်းအဝေးတွင် လက်မှတ်ရေးထိုးချုပ်ဆိုမည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ၁၅ ချက်အပါဝင် အခြားအချက်များအား သဘောတူညီခဲ့
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် လက်မှတ်ရေးထိုးချုပ်ဆိုမည့် ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း ၃ ပိုင်းဖြစ်သည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ၁၅ ချက်အပါအဝင် အခြားအချက်များအား JICM အကြိုညှိနှိုင်းအစည်းအဝေးတွင် သဘောတူညီခဲ့ကြောင်း သိရပါတယ်။