တရုတ်နိုင်ငံတွင် လူကုန်ကူးခံရသဖြင့် တိုက်ပေါ်မှ ခုန်ချထွက်ပြေးသည့် အမျိုးသမီး ခြေထောက်ကျိုးပြီးအကူအညီလိုအပ်နေ (ရုပ်သံ)

တရုတ်နိုင်ငံတွင် လူကုန်ကူးခံရသဖြင့် တိုက်ပေါ်မှ ခုန်ချထွက်ပြေးသည့် အမျိုးသမီး ခြေထောက်ကျိုးပြီးအကူအညီလိုအပ်နေ (ရုပ်သံ)
Published 11 August 2020

ကြို့ပင်ကောက်မြို့နယ်မှာ နေထိုင်သူ အမျိုးသမီးမှာ တရုတ်နိုင်ငံသို့ လူကုန်ကူးခံခဲ့ရပြီး အတူလူကုန်ကူးခံရကာ ချုပ်နှောင်ခံရတဲ့ ၁၇ နှစ်၊ ၁၈ နှစ်အရွယ်မိန်းကလေးငယ်တို့ကိုကယ်တင်လိုသလို ကိုယ်တိုင်လည်းလွတ်မြောက်လိုတာကြောင့် တိုက်ပေါ်ကခုန်ချထွက်ပြေးခဲ့တယ်လို့ ကာယကံရှင်အမျိုးသမီးက ပြောပါတယ်။