ချင်းတွင်းမြစ်နှင့် နန်းကသည်းချောင်း ( မဏိပူရ်မြစ် ) တို့တွင် ပြုလုပ်ထားသော ကမ်းပါးထိမ်းနံရံများ ပြိုကျပျက်စီးမှု ဖြစ်ပေါ်နေ
ချင်းတွင်းမြစ်ဘေး မော်လိုက်မြို့နယ် ၊ မော်လိုက်ကလေးကျေးရွာမှာ ပြုလုပ်ထားတဲ့ ကမ်းပါးထိမ်းနံရံနဲ့ ကလေးမြို့နယ် မြောက်စည်းကျေးရွာတို့မှာ ပြုလုပ်ထားတဲ့ နန်းကသည်းချောင်း ( မဏိပူရ်မြစ် ) ကမ်းပါးထိမ်းနံရံတွေ ပြိုကျပျက်စီးမှု ဖြစ်ပေါ် နေတယ်လို့ သိရပါတယ်။