မြရည်နန္ဒာအိမ်ရာတိုက်ခန်းများ တတိယအကြိမ်ရောင်းစဉ်က ဝယ်ခွင့်မရခဲ့သူများထဲမှ ပြန်စာရင်းပေးသူ ၂၂၀၀ ကေ‌ျာ် ဝယ်ယူခွင့် မဲနှိုက်

မြရည်နန္ဒာအိမ်ရာတိုက်ခန်းများ တတိယအကြိမ်ရောင်းစဉ်က ဝယ်ခွင့်မရခဲ့သူများထဲမှ ပြန်စာရင်းပေးသူ ၂၂၀၀ ကေ‌ျာ် ဝယ်ယူခွင့် မဲနှိုက်
Published 11 August 2020

ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်မှာရှိတဲ့ ဆောက်လုပ်ပြီးစီးတဲ့ တန်းဖိုးမျှတတိုက်ခန်းတွေကို စတုတ္ထအကြိမ် မြောက်အဖြစ်ရောင်းချရာမှာ လျှောက်လွှာသစ်မခေါ်ယူတော့ဘဲတတိယအကြိမ်မှာ ဝယ်ယူခွင့်မရရှိသူတွေကို ရောင်းချပေးတာ ဖြစ်ရာ ဝယ်ယူဖို့အတွက် အရင် QR ကုတ်ပါ မဲလက်မှတ်တွေနဲ့ လာရောက်အကြောင်းကြားစာရင်းပေးခဲ့တဲ့ လျှောက်ထားသူ ၂၂၀၀ ကျော်အတွက် အောင်ဘာလေစနစ်နဲ့ ဝယ်ယူခွင့်မဲနှိုက်ချထားတာကို ဩဂုတ်လ ၁၀ ရက်က မန္တ‌လေးမြို့တော်ခန်းမမှာ ပြု လုပ်ခဲ့ပါတယ်။