ပြည်ထောင်စု သဘောတူစာချုပ်တွင် ထည့်သွင်းချုပ်ဆိုမည့် အချက်အားလုံး သဘောတူညီမှု မရသေးသော်လည်း အကောင်းဆုံးကို မျှော်လင့်ထားဟု PPST ပြောရေးဆိုခွင့်ရှိသူ ပြောကြား
ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) တွင် ထည့်သွင်းချုပ်ဆိုမည့် အချက်များအားလုံး သဘောတူညီမှု မရသေးသော်လည်း အကောင်းဆုံးကို မျှော်လင့်ထားကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ ပြောရေးဆိုခွင့်ရှိသူ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ပြောကြားခဲ့ပါတယ်။