ဘင်္ဂလားပင်လယ်အော်၌ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှာအားကောင်းလာနိုင်သည့် အနေအထားမရှိနိုင်ဟု မိုး/ဇလခန့်မှန်း
ဘင်္ဂလားပင်လယ်အော် အနောက်ပိုင်းမြောက်ပိုင်းနဲ့ ၎င်းနဲ့ဆက်စပ်နေတဲ့အနောက်အလယ်ပိုင်းတို့မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး သိသိသာသာအားကောင်းလာနိုင်တဲ့ အနေအထားမရှိဘူးလို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးကဒီကနေ့ သြဂုတ်လ ၉ရက်နေ့ မွန်းလွဲပိုင်းကပြောပါတယ်။