လွန်ခဲ့သော ၃၂ နှစ်က သြဂုတ်လ(၈)ရက်နေ့အကြောင်း တစေ့တစောင်း... (ရုပ်သံအစီအစဉ်)

လွန်ခဲ့သော ၃၂ နှစ်က သြဂုတ်လ(၈)ရက်နေ့အကြောင်း တစေ့တစောင်း... (ရုပ်သံအစီအစဉ်)
Published 8 August 2020

■ အဖိနှိပ်ခံပြည်သူတို့ရဲ့ မဆလတစ်ပါတီ အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့တဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးဟာ နှစ်ပေါင်း ၃၂ နှစ် ပြည့်မြောက်ခဲ့ပါပြီ။ မြန်မာ့သမိုင်းမှာ ကာလရက်တာ အရှည်ကြာဆုံးဖြစ်သလို လူထုလူတန်းစားအလွှာမျိုးစုံနဲ့ ပြည်နယ်/ပြည်မ တောရောမြို့ပါမကျန် ဒေသစုံပါဝင်တဲ့ ပြည်လုံးကျွတ်လူထုအရေးတော်ပုံကြီးဖြစ်ပါတယ်။ မဆလတစ်ပါတီအာဏာရှင်စနစ်ကို နိဂံုံးချုပ်စေခဲ့ပြီး အုပ်စိုးသူ သမ္မတသုံးဆက်ကို တဆက်ပြီးတဆက် ပြုတ်ကျသွားစေခဲ့တဲ့ အရေးတော်ပုံကြီးလည်းဖြစ်ပါတယ်။ တစ်ပါတီ အာဏာရှင်စနစ်ကို ချုပ်ငြိမ်းစေခဲ့ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်လည်နိဒါန်းတည်ပေးလိုက်နိုင်တဲ့ ပြည်သူ့အရေးတော်ပုံကြီးဖြစ်ပါတယ်။