အမြန်လမ်းမကြီး မိုင်တိုင် ၉၀ အနီးတွင် မော်တော်ယာဉ်တစ်စီး လမ်းဘေးသစ်ပင်အားဝင်တိုက်မိရာ သံဃာတစ်ပါးနှင့် အမျိုးသား တစ်ဦး သေဆုံး
ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင် ၉၀ အနီးမှာ ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်ကို မောင်းနှင်လာတဲ့ မော်တော်ယာဉ်တစ်စီး လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိရာ ယာဉ်ပေါ်လိုက်ပါလာသူ သုံးဦးအနက် သံဃာတစ်ပါးနဲ့ အမျိုးသား တစ်ဦးသေဆုံးခဲ့တယ်လို့ မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းကနေ သိရပါတယ်။