ဒဂုံတက္ကသိုလ်ကျောင်းသားကို ကျားဖောင်လုပ်ငန်းတွင်ရောင်းစားခဲ့သူအား အလုပ်နှင့်ထောင်ဒဏ် ငါးနှစ်ချမှတ် (ရုပ်သံ)

ဒဂုံတက္ကသိုလ်ကျောင်းသားကို ကျားဖောင်လုပ်ငန်းတွင်ရောင်းစားခဲ့သူအား အလုပ်နှင့်ထောင်ဒဏ် ငါးနှစ်ချမှတ် (ရုပ်သံ)
Published 6 August 2020

ဒဂုံတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားကို ကျားဖောင်များတွင် ရောင်းစားခဲ့တာကြောင့် လူကုန်ကူးမှုဖြင့် တရားစွဲဆိုခံရတဲ့ ကိုအောင်ဗလအား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၅/၃၂ နဲ့ ဩဂုတ် ၅ရက်ရုံးချိန်းက အလုပ်နှင့်ထောင်ဒဏ် ငါးနှစ်ချမှတ်ခဲ့တယ်လို့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိကပြောပါတယ်။