၂၀၂၀ရွေးကောက်ပွဲတွင် ရခိုင်၊ ကချင်နှင့် ကယားပြည်နယ်တို့မှလွဲ၍ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ကိုယ်စားလှယ်လောင်း ၁၅၂ဦး ပြည်သူ့ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည် (ရုပ်သံ)
၈၈မျိုးဆက်များကို အခြေခံကာ ဖွဲ့စည်းတည်ထောင်ထားတဲ့ ပြည်သူ့ပါတီအနေနဲ့ ၂၀၂၀ အထွေထွေရွေး ကောက်ပွဲမှာ ရခိုင်၊ ကချင်နဲ့ ကယားပြည်နယ်တို့မှလွဲပြီး ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်မဲဆန္ဒနယ်တွေမှာ ကိုယ်စားလှယ်လောင်းစုစုပေါင်း ၁၅၂ဦးဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သြဂုတ်လ ၄ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြောကြားခဲ့ပါတယ်။