မူဆယ်မြို့နယ်တွင် မဲပေးခွင့်ရှိသူ တစ်သိန်းကျော်ရှိပြီး အိမ်ထောင်စုအလိုက် မဲစာရင်းမပါခြင်း၊ မဲစာရင်းမှားခြင်းများရှိနေဟု ဒေသခံများပြော (ရုပ်သံ)
မူဆယ်မြို့နယ်မှာ မဲပေးခွင့်ရှိသူ လူဦးရေတစ်သိန်းကျော်ထုတ်ပြန်ထားကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးကသိရပါတယ်။ ပထမ ကနဦး ထုတ်ပြန်တဲ့ မဲဆန္ဒရှင်စာရင်းမှာ အိမ်ထောင်စုအလိုက် မဲစာရင်းမပါတာ၊ မဲစာရင်းမှားတာတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။