၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်တောင်းခံမှု ကျပ် ၃၄၆၅၂ ဘီလျံကျော်အနက် ကျပ် ၅၂၁ ဘီလျံကျော်ကို ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ စိစစ်လျှော့ချ
၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းတွေရဲ့ ဘတ်ဂျက်တင်ပြတောင်းခံမှု ကျပ် ၃၄၆၅၂ ဒဿမ ၃၉၃ ဘီလျံထဲက ကျပ် ၅၂၁ ဒဿမ ၇၃၀ ဘီလျံကို ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက စိစစ်လျှော့ချထားကြောင်း ၂၀၂၀ -၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းနဲ့ စပ်လျဉ်းတဲ့ ကော်မတီအစီရင်ခံစာအရ သိရပါတယ်။