ပခုက္ကူမြို့ သီဟိုဠ်ရှင်ဘုရား ရေသပ္ပာယ်ဆောင်အနီး ရှေးဟောင်းလှိုဏ်ဂူတစ်ခု တွေ့ခဲ့ပြီး ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်ခဲ့ (ရုပ်သံ)
ပခုက္ကူမြို့ သီဟိုဠ်ရှင်ဘုရား ရေသပ္ပာယ်ဆောင်အနီးမှာ ဒီနေ့ သြဂုတ်လ ၄ရက်နေ့ နံနက်ပိုင်းက ရေမြောင်း တူးဖော်ရာမှ ရှေးဟောင်းလှိုဏ်ဂူတစ်ခု တွေ့ရှိ ခဲ့သည့်အတွက် သက်ဆိုင်ရာမှ ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။