ထားဝယ်ဒေသတွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် အနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်ကာ ရေကြီးရေလျှံမှု ဖြစ်ပွား
တနသာၤရီတိုင်းဒေသကြီးရှိ ထားဝယ်ဒေသမှာ သြဂုတ် ၁ ရက်မှစတင်ကာ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် အနိမ့်ပိုင်းနေရာတွေမှာ ရေဝင်ရောက်ကာ ရေကြီးရေလျှံမှုဖြစ်ပွားပြီး လမ်းပိုင်းအချို့ ရေကျော်၍ လယ်မြေအများအပြား ရေလွှမ်းခံနေရတယ်လို့ သိရသည်။