တောင်ငူခရိုင်တွင်မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့်ကားလမ်းများပေါ်သို့ ရေကျော်ခြင်းတို့ဖြစ်ပွားခဲ့

တောင်ငူခရိုင်တွင်မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့်ကားလမ်းများပေါ်သို့ ရေကျော်ခြင်းတို့ဖြစ်ပွားခဲ့
Published 4 August 2020

တောင်ငူခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြို့နယ်အချို့ရှိကားလမ်းများပေါ်သို့ ရေကျော်လွန်ခြင်း၊ ကျေးရွာတာဘောင်များပျက်စီးခြင်းနှင့် တောင်ပြိုခြင်းတို့ဖြစ်ပွားခဲ့ 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်မှာ ဩုဂုတ် ၃ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာ သွန်းခဲ့တာကြောင့် မြို့နယ်အချို့မှာရှိတဲ့ရန်ကုန်-မန္တလေးကားလမ်းမဟောင်းပေါ်သို့ ရေကျော်လွန်ခြင်း၊ ကျေးရွာတာဘောင်တွေပျက်စီးခြင်း၊ စာသင်ကျောင်းတွေအတွင်း ရေဝင်ရောက်ခြင်းနဲ့ တောင်ပြိုခြင်းတို့ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

■ Zawgyiဖြင့်ဖတ်ရန်
