ပါတီဝင်များ မဟုတ်သော်လည်း ပြည်နယ် တိုင်းရင်းသားပါတီများကို ဝန်းရံသွားမည်ဟု ကရင်နီလူမျိုးစုလူငယ်များ ပြော

ပါတီဝင်များ မဟုတ်သော်လည်း ပြည်နယ် တိုင်းရင်းသားပါတီများကို ဝန်းရံသွားမည်ဟု ကရင်နီလူမျိုးစုလူငယ်များ ပြော
Published 3 August 2020

ပါတီဝင်တွေ မဟုတ်ပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်နယ်ရဲ့ တိုင်းရင်းသားပါတီတွေကို ဝန်းရံပေးသွားမယ်လို့ သြဂုတ် ၁ ရက် ညနေပိုင်းက လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်ရှိ ကရင်နီလူမျိုးစုလူငယ် ဦးဆောင်ကော်မတီရုံး ဖွင့်ပွဲမှာ ဗဟိုကော်မတီဝင် ကော်ယော်လူမျိုးစု လူငယ်ကိုယ်စားလှယ် ကိုနန်းရီ ကပြောပါတယ်။