ကိုဗစ်အမိန့်ညွှန်ကြားချက်များကြောင့် မဲပေးခွင့်မဆုံးရှုံးစေရန်နှင့်ရောဂါကူးစက်မှု စိတ်ချရစေရန် မည်သို့စီမံထားသည်ကို အသိ ပေးရန် UEC အား ပြည်ခိုင်ဖြိုးအပါအဝင် နိုင်ငံရေးပါတီ (၂၁) ပါတီ တိုက်တွန်း
ကိုဗစ်အမိန့်ညွှန်ကြားချက်တွေကြောင့် ပြည်သူတွေမဲပေးခွင့်မဆုံးရှုံးစေဖို့နဲ့ ကပ်ရောဂါကူးစက်ခြင်းအန္တရာယ်ကနေ လုံခြုံ စိတ်ချရစေဖို့ လိုအပ်တဲ့အစီအမံတွေကို ဘယ်လိုဆောင်ရွက်ထားတယ်ဆိုတာ ပြည်သူတွေကို ရှင်းရှင်းလင်းလင်းအသိပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကို ပြည်ခိုင်ဖြိုးအပါအဝင် နိုင်ငံရေးပါတီ (၂၁) ပါတီက အိတ်ဖွင့်ပေးစာပေးပို့ကာ တိုက်တွန်းခဲ့ပါတယ်။