၂၁ ရာစု ပင်လုံ စတုတ္ထအကြိမ်အစည်းဝေးသို့ NCA လက်မှတ်မထိုးရသေးသည့် လက်နက်ကိုင် အဖွဲ့အစည်းအများစုကို ဖိတ်ကြားသွားမည်ဟုဆို
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံစတုတ္ထအကြိမ် အစည်းအဝေးသို့ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ လက်နက်ကိုင် အဖွဲ့အစည်းအများစုကိုပါ ဖိတ်ကြားသွားမှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။