AAအဖွဲ့နှင့်ဆက်စပ်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်ခံထားရသည့် ကိုအောင်မျိုးဝင်းအမှု လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ကြားနာမည်

AAအဖွဲ့နှင့်ဆက်စပ်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်ခံထားရသည့် ကိုအောင်မျိုးဝင်းအမှု လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ကြားနာမည်
Published 31 July 2020

AAအဖွဲ့နှင့်ဆက်စပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ စွဲချက်တင်ခံထားရတဲ့ ကိုအောင်မျိုးဝင်းအမှုမှာ ရမ်းဗြဲမြို့ရှိ တရားခံပြသက်သေလေးဦးကို စစ်မေးဖို့ ရမ်းဗြဲမြို့နယ်တရားရုံးသို့ ပေးပို့ထားတဲ့ ကော်မရှင်စာကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးသို့ ပြန်လည်တင်သွင်းခဲ့ပါတယ်။