သထုံအမှတ် ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းကို ပြန်ရွေးပေးခြင်းမရှိပါက နေပြည်တော်ရှိ NLD ပါတီရုံးချုပ်သို့ သွားတောင်းဆိုမည်ဟု ဒေသခံများပြော

သထုံအမှတ် ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းကို ပြန်ရွေးပေးခြင်းမရှိပါက နေပြည်တော်ရှိ NLD ပါတီရုံးချုပ်သို့ သွားတောင်းဆိုမည်ဟု ဒေသခံများပြော
Published 31 July 2020

သထုံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေအမှတ် (၂) အတွက် ကိုယ်စားလှယ်လောင်းပြန်ရွေးချယ် ပေးဖို့နဲ့ ပြန်မရွေးပေးပါက နေပြည်တော်ရှိ NLD ပါတီဗဟို ရုံးချုပ်ထံ သွားရောက်တင်ပြတောင်းဆိုသွားမယ်လို့ သထုံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေအမှတ် (၂) အတွင်းရှိ NLD ပါတီထောက်ခံသူ ဒေသခံတွေကပြောပါတယ်။