7th Sense Creation ဟာဆိုရင်တော့ ယခင်နှစ်တွေက ပရိသတ်တွေကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းများစွာ ရိုက်ကူးပြသခဲ့ပေမယ့် ယခုနှစ်မှာတော့ Covid - 19ကြောင့် ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းတွေဘက်မှာ လျော့နည်းသွားခဲ့ပြီး Covidကြောင့် ထိခိုက်မှုတွေများတဲ့လုပ်ငန်းတွေထဲမှာမှ ရုပ်ရှင်လုပ်ငန်းကလည်း ဆုံးရှုံးနစ်နာမှုတွေ အရမ်းများခဲ့တယ်လို့ သုံးသပ်ပေးခဲ့ပါတယ်။ ရုပ်ရှင်ရုံတွေပြန်ဖွင့်ပြီဆိုရင်တော့ ပြသမယ့်ဇာတ်ကားတွေ စီထားသလို ပရိသတ်တွေဆီကိုလည်း ဖန်တီးထားတဲ့အနုပညာတွေကို ပုံစံမျိုးစုံနဲ ချပြနိုင်ဖို့စီစဉ်ထားတယ်လို့ကိုဝေမင်းမောင် က အခုလိုပဲပြောပါတယ်။