တောင်ငူခရိုင်တွင်မိုးခေါင်နေခြင်းကြောင့် မိုးစပါးစိုက်ခင်းများပျက်စီးမှုရှိပြီး အထွက်နှုန်း ထိခိုက်နိုင်ဟုဆို
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်မှာ ယခုနှစ်မိုးရာသီအတွင်း မိုးရေရရှိမှု နည်းပါးကာမိုးခေါင်နေတာကြောင့် စိုက်ပျိုးပြီးမိုးစပါးကြဲခင်းတွေမှာ ထိခိုက်ပျက်စီးမှုများရှိနေသဖြင့် လာမည့်မိုးစပါးရိတ်သိမ်းချိန် အထွက်နှုန်းများကျဆင်းနိုင်တယ်လို့ တောင်သူတွေကပြောပါတယ်။