ပြည်ပ သို့ အကြောင်း အမျိုးမျိုးဖြင့် အရေးပေါ်ထွက်ခွာလိုသည့် မြန်မာ နိုင်ငံသားများ ကယ်ဆယ်ရေး လေယာဉ်၊ အထူးလေယာဉ် များတွင်လိုက်ပါခွင့်ရရှိစေရေးညှိနှိုင်းပေးမည်

ပြည်ပ သို့ အကြောင်း အမျိုးမျိုးဖြင့် အရေးပေါ်ထွက်ခွာလိုသည့် မြန်မာ နိုင်ငံသားများ ကယ်ဆယ်ရေး လေယာဉ်၊ အထူးလေယာဉ် များတွင်လိုက်ပါခွင့်ရရှိစေရေးညှိနှိုင်းပေးမည်
Published 29 July 2020

နိုင်ငံတကာ ခရီးသည်လေယာဉ်တွေ ယာယီရပ်ဆိုင်းထားတဲ့ ကာလအတွင်း ပြည်ပ သို့ အကြောင်း အမျိုးမျိုးနဲ့ အရေးပေါ်ထွက်ခွာလိုတဲ့ မြန်မာ နိုင်ငံသားတွေကို ကယ်ဆယ်ရေး လေယာဉ် (Relief Flight) ၊ အထူးလေယာဉ် (Special Flight) များတွင်လိုက်ပါခွင့်ရရှိစေဖို့ ညှိနှိုင်းဆောင်ရွက်‌ပေးသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။