Covid -19 ကြောင့် လအတန်ကြာရပ်နားထားရတဲ့ ရုပ်ရှင်၊ ဗီဒီယိုနဲ့ ရုပ်သံဇာတ်လမ်းတွဲများ ပြန်လည်ရိုက်ကူးခွင့်ရရှိ 

Covid -19 ကြောင့် လအတန်ကြာရပ်နားထားရတဲ့ ရုပ်ရှင်၊ ဗီဒီယိုနဲ့ ရုပ်သံဇာတ်လမ်းတွဲများ ပြန်လည်ရိုက်ကူးခွင့်ရရှိ 
Published 28 July 2020

 

မတ်လလယ်လောက်ကတည်းက ရပ်နားထားရတဲ့ ရုပ်ရှင်ရိုက်ကူးမှုတွေကိုတော့ ယနေ့ ဇူလိုင်လ ၂၇ရက်နေ့မှာ ပြန်ကြားရေးဝန်ကြီးဌာနကနေ ရိုက်ကူးရေးများပြန်လည်စတင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စာထွက်လာပြီဖြစ်ပါတယ်။ရိုက်ကူးရေး လုပ်မည့်သူများအနေနဲ့ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနကနေ ပြုစုထားရှိသည့် လိုက်နာ ဆောင်ရွက်ရမယ့် ရိုက်ကူးရေးဆိုင်ရာ လက်စွဲစာစောင်နဲ့အညီ ရိုက်ကူးသွား ရမှာဖြစ်ကာ ရိုက်ကူးရေးတွင် ပါဝင်မည့်သူအားလုံးရဲ့ ကိုယ်ရေးရာဇဝင်၊ရိုက်ကူးမယ့် နေရာ၊အချိန်များကိုလဲ   တစ်ပတ်ကြိုတင် စာတင်ပြီးမှသာ ရိုက်နိုင်မည်ဖြစ်ကြောင်းများ စသည့် လိုက်နာရမယ့်အချက်တွေကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုဥက္ကဌ ဦးအေးကြူလေး နဲ့ တွဲဖက်အတွင်းရေးမှူး(၂) ဦးဝင်းမြိုင် တို့ကခုလိုရှင်းလင်းပြောပြခဲ့ပါတယ်။